မကျေနပ်မှု့တွေ မြိုချရင်း ညီမျှခြင်းတွေကို အဖြေညှိနေတာ ကြာပါပြီ...
ရိုးရှင်းတဲ့ ပုစ္စာထဲမှာ ကောက်ကျစ်မှု့တွေ မသိကိန်းအဖြစ်
ထားကြပေမယ့်လည်း မျက်စိ စုံမှိတ်ပြီး ခေါင်းညိမ့်ခဲ့တာ ကျေနပ်လို့တော့
မဟုတ်ဘူးနော်.. နာကြင်နေတဲ့ ရင် ကြေကွဲနေတဲ့ နှလုံး ဆွံ့အနေတဲ့ ပါးစပ်တွေနဲ့ ..
မင်းကြည့်တတ်ရင်လေ ငါ့မျက်လုံးမှာ မျက်ရည်တွေခမ်းနေတာ မင်းတွေ့ရလိမ့်မယ်.....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment