Monday, January 25, 2010

*လေထန်တိုင်းသာပွင့်ကြွေပါမူ ဘယ်မှာပန်းများကျန်မည်နည်း
လှိုင်းပုတ်တိုင်းသာကမ်းပြိုပါမူ
ဘယ်မှာမြေကြီးကျန်မည်နည်း
ကျရှုံးတိုင်းသာငိုရပါမူ
ဘယ်မှာမျက်ရည်ကျန်မည်နည်း
အမှောင်တစ်ဝက်လင်းတစ်ဝက်သည်
တစ်ရက်တစ်ခါကြုံမြဲသာတည့်
ဘ၀သည်ကားတိုက်ပွဲများပင်
လှုပ်ရှားရသောလူ့ရွာတောဝယ်
လင်းသောမှောင်သောအောင်သောရှုံးသော
မုန်းသောချစ်သောသစ်သောဟောင်းသော
ကောင်းသောဆိုးသောညှိုးသောလန်းသော
ကြမ်းသောနုသောပူသောအေးသော
စောကြောစိတ်ဖြာမနေသာပေ
လဲရာကထကျရာကတက်
ပျက်ရာကဆောက်ရှေ့သို့လျှောက်ရင်
ရောက်ရာဘ၀အားမာန်ပြရင်း
ရုန်းရကန်ရမည်တကား*

No comments:

Post a Comment